ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာ

Center for Peace and Reconciliation

အဖွဲ့အစည်းတည်ထောင်ရခြင်း၏ နောက်ခံအကြောင်းရင်းအကျဉ်း

  • ၁။ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်တွင်အမိန့် ကြေညာချက်ထုတ်ပြန်၍ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိနိုင်စေရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စတင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရက “မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန” ကို ဖွဲ့စည်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေးအတွက် ဆွေးနွေးခဲ့ပါသည်။
  • ၂။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို အကြိမ်ရာနှင့်ချီ၍ ကျင်းပနိုင်ခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကြိုတင်သတ်မှတ်ချက်များ၊ အခက်အခဲများ၊ တစ်ခါတစ်ရံနားလည်မှု လွဲမှားမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထို့ပြင် တစ်ဖက်ကယုံကြည်မှု တည်ဆောက်နေသော်လည်းအခြားတစ်ဖက်တွင် ထိတွေ့မှုများ ဖြစ်ပေါ်နေသဖြင့် နားလည်မှု လွဲမှားသည်များလည်း ကြုံတွေ့ခဲ့ရပါသည်။
  • ၃။ ယုံကြည်မှုတည်ဆောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိကကျသော နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ပါသည်။ ပြီးခဲ့သော (၂၀၁၁) မှ (၂၀၁၅) အထိဆောင်ရွက်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များသည် အချိန်နှင့် တပြေးညီဆောင်ရွက်ရသည့်အတွက် အလုံးစုံယုံကြည်မှု မရှိသေးသော်လည်း အခြေအနေ အချိန်အခါပေါ်တွင် မူတည်၍ ဆုံးဖြတ်အတည်ပြုချက် ရယူခဲ့မှုများတွေ့ခဲ့ရပါသည်။
  • ၄။ ငြိမ်းချမ်းရေးကိုအခြေခံသော နိုင်ငံရေးဆွေးနွေးမှုပုံစံသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် ယနေ့နိုင်ငံတော်နှင့် တိုင်းရင်းသားများ ပူးတွဲ သဘောတူထားကြသည့် နိုင်ငံရေးဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရေးအတွက် စည်းကမ်းများ၊ လမ်းညွှန်မှုများ ရှိနေသည့်တိုင် ဆွေးနွေးဘက်များအကြား ကြိုတင် နားလည်မှုများရရှိရန် လိုအပ်ပါသည်။ ပွဲမဝင်ခင် အပြင်မှာကျင်းပဆိုသကဲ့သို့ ဆွေးနွေးဘက်များအချင်းချင်း ကြားတွင် သာမက ယင်းဆွေးနွေးပွဲတွင် ပါဝင်သောသက်ဆိုင်ရာ Stakeholder များနှင့် နိုင်ငံရေးပါတီများ (သို့မဟုတ်) အရပ်ဘက် လူမှုအဖွဲ့အစည်းများ (သို့မဟုတ်) အခြားသက်ဆိုင်ရာအစုအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များအကြားတွင်လည်း အကြိုညှိနှိုင်းမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများစဉ်ဆက်မပြတ် ဆက်လက် ပြုလုပ်ရန် လိုအပ်နေမည်ဖြစ်ပါသည်။
  • ၅။ ယင်းကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းသည့် အနေဖြင့် “ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးစင်တာ” (CPR) ကိုဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်ပါသည်။

အနာဂတ်အတွက်

မျှော်မှန်းချက်

ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေး စင်တာ (Center for Peace and Reconciliation) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue) တို့အရ နိုင်ငံတော်အစိုးရမှ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရေးအတွက် အထောက်အကူပြုရန် ဦးတည် ဖွဲ့စည်းသည်။

အသင်း၏

ရည်ရွယ်ချက်

ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (Center for Peace and Reconciliation) ကိုအောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပါသည်။

  • (က) ငြိမ်းချမ်းလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရန်။
  • (ခ) ပဋိပက္ခလွန် ဒေသများ၏ ပြည်သူများအား Capacity Building ရရှိရေးအတွက် အစုအဖွဲ့များအကြား သင်တန်းများ ပြုလုပ်ပေးရန်။
  • (ဂ) ပဋိပက္ခဒေသများရှိ ပြည်သူ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုအပ်ချက်များ၊ အတွေးအခေါ်များ၊ ခိုင်လုံသော သတင်းအချက်အလက်များ ရယူရန် နှင့် သုံးသပ် ချက်များ ပြုစုရန်။
  • (ဃ) ရရှိသော သတင်းအချက်အလက်များအပေါ် သုံးသပ်၍ သက်ဆိုင်ရာ Stakeholders များနှင့် တွေ့ဆုံ၍ အကြံပြုချက် များ၊ ပဋိပက္ခလွန်ဒေသများ၏ လိုအပ်ချက်များကို စုစည်း၍ အစီရင်ခံစာများကို အချိန်နှင့် တပြေးညီ ပြုစုပေးရန်။
  • (င) ငြိမ်းချမ်းရေးကို အခြေခံသော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ ဆုံ၍ အကြံပြုချက်၊ တင်ပြချက်များအား ဆွေးနွေးတင်ပြရန်။
  • (စ) ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အကျိုးဆောင်ခြင်း၊ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးညီလာခံများပြုလုပ်ခြင်းနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စာအုပ်၊ စာတမ်းများ ထုတ်ဝေခြင်း။
  • (ဆ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC (Joint Ceasefire Monitoring Committee) နှင့် DDR/SSR ကိစ္စရပ်များကို ကူညီ ဆောင်ရွက်ရန်။
  • (ဇ) လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေး အတွက် ပါဝင်ကူညီ ဆောင်ရွက်ရန်။
  • (ဈ) တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် တို့တာဝန် အရေး (၃) ပါး၊ လောကပါလ တရား (၃) ပါးတို့ကို အကောင်အထည်ဖေါ်ဆောင်ရန်။

© 2019-2024 Center for Peace and Recounciliation (CPR). All Rights Reserved.